သူတော်စကား၊ တစ်ခွန်းကြားက၊
စိတ်ထားဖြူစင်၊ အလိမ္မာဝင်၏။
++++++

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး၏

သြဝါဒကထာ

++++++++

သူများအကျိုး ပျက်စီးရာကို ဘယ်သောအခါမှ

မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်၊

ကြမ်းတမ်းသောစကားကို မဆိုနှင့်၊

မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်။

အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော၊

ယခုလက်ရှိအချိန်ထက်

ကောင်းသောအချိန်မရှိ၊

လက်ရှိအချိန်ကို နိဗ္ဗာန်အထိ

အကျိုးရှိအောင်သုံးပါ။


"Get the Flash Player" "to see this gallery."

ဝေဖန်ရေး နဲ့ တာဝန်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

  ၁၃ .၁၂ .၂၀၁၁ နေ့က ဓမ္မဒူတဘာသာရေးမဂ္ဂဇင်း တာဝန်ရှိပုဂ္ဂိုလ်များရဲ့ “ဓမ္မဒူတစာပေဆု’’နဲ့ပတ်သက်လို့ စည်းဝေးတိုင်ပင်တဲ့ ပွဲကလေးတစ်ခု လုပ်ပါတယ်၊ အစီအစဉ်အရ နာယကအဖွဲ့မှာပါဝင်တဲ့ မိမိအနေနဲ့ အနုမောဒနာ စကားပြောရတဲ့အခါ ဝေဖန်ရေးနှင့် တာဝန်ယူမှုအကြောင်းကိုလည်း နည်းနည်းထည့် ပြောလိုက်မိပါတယ်၊ နောက်တစ်နေ့မှာ ထုတ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာ မောင်ဝံသရဲ့ “အိုင်ဒီယော်လော်ဂျီ မရှိဘူး, ရှိတယ်”ဆောင်းပါးအဆုံးနားမှာ “အယူဝါဒ မှားကြောင်းပြောတာကတော့ ဟုတ်ပါပြီ၊ မှန်တဲ့အိုင်ဒီယော်လောဂျီဘာလဲဆိုတာကို ပြဖို့လဲ လိုဦးမယ် ”ဆိုတဲ့ အပိုဒ်ကို ဖတ်လိုက်ရတဲ့အခါ မိမိပြောခဲ့တဲ့ အကြောင်းအရာနဲ့ တိုက်ဆိုင်သလိုဖြစ်နေတာကို တွေ့ရတဲ့အတွက် မိမိပြောခဲ့ ဖြစ်တဲ့ အကြောင် အရာလေးကို ပြန်လည်တင်ပြလိုက်ပါတယ်။

Read more...

 

နောက်ဘ၀အတွက် ဘယ်ကံအကျိုးပေးမလဲ(၃)

အရှင်နန္ဒသေနာလင်္ကာရ (သာမဏေကျော်၊ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ MA)


အကျိုးပေးဖို့ရာ ဂရုကံမရှိရင် ဒုတိယဖြစ်တဲ့ အာသန္နကံ အခွင့်အလမ်းနှင့် ကြည့်ကြစို့။

ကားမှောက်လို့ ရေနစ်လို့ လုပ်ကြံခံရလို့ စသည်ဖြင့် ရုတ်တရက်သေဆုံးရမှုတွေ ရှိတတ်ပါတယ်။ ဒီကိစ္စတွေမှာ ရုတ်တရက်ကြုံတွေ့ရတဲ့ အာရုံတွေနှင့်သာ သေဆုံးကြရဖို့ များပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ ကြိုတင်ပြင်ဆင်ခွင့်မရလို့ ကံတရားအတိုင်းပဲ ထားကြပါစို့။ ဘယ်လိုမှ ပြင်ဆင်ခွင့် မရတာဘဲကိုး။

Read more...

 

အတွေးများနဲ့ ရထားတစ်စင်း

ဥာဏ်ဦးမောင်

ဒီနေရာလေးမှာ ကိုယ်နေထိုင်ခဲ့တာ ခြောက်လတင်းတင်းပြည့်ခဲ့ပြီ။ ဒီပတ်ဝန်းကျင် ဒီနေရာလေးမှာ ခုလိုအခြေ

ချ နေထိုင်ဖြစ်လိမ့်မယ်လို့ မနှစ် ဒီအချိန်အခါတုံးကဆို ဘယ်မှာစိတ်ကူးထဲ ရှိခဲ့ပါဦးမလဲ။ ဒါပေမယ့်လည်း ဘဝ

ဆိုတာ ရွေ့လျောခြင်းတွေ၊ ပြောင်းလဲခြင်းတွေနဲ့အတူ မျောနေတတ်တာမို့ မနှစ်တုံးက လုံးဝစိတ်ကူးမထားခဲ့တဲ့

ဒီနေရာလေးက ခုတော့ ကိုယ်နေထိုင်ရာ နေရာလေးတစ်နေရာ ဖြစ်လာခဲ့ပြီ။ အတန်အသင့် အသားကျစပြုနေ

တဲ့ ဒီနေရာလေးမှာ ဘယ်လောက်ကြာကြာ နေထိုင်ဖြစ်ဦးမယ်ဆိုတာကိုရော ဘယ်သူတစ်ဦးတစ်ယောက်က

ခန့် မှန်းပြောပြနိုင်မှာလဲ။

Read more...

 

   အဟောသိကံနှင့်ပတ်သက်လို့ သိထားသင့်တဲ့ အချက်တချို့ ရှိပါတယ်။ ဒါကြောင့် နည်းနည်းလေ့လာကြည့်ရအောင်။

   ကုသိုလ်ကံအရာ ဆိုကြပါစို့။ ဥပမာ - စတုတ္ထဈာန်တိုင်အောင် ရရှိထားသူဟာ အဲဒီဈာန်နဲ့ကွယ်လွန်ခဲ့ရင် စတုတ္ထဈာန်ကံက သေချာပေါက် အကျိုးပေးလို့မို့ စတုတ္ထဈာန် ဗြဟ္မာ့ဘုံမှာ ဖြစ်ရပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန်တွေကိုလည်း ရရှိထားသူပါ။ အဲဒီဈာန်ကံတွေဟာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် ဗြဟ္မာ့ဘုံတွေမှာ အကျိုးပေးမှာဖြစ်ပေမဲ့ သူတို့ထက်အားကောင်းတဲ့ စတုတ္ထဈာန်ကံက အကျိုးပေးလိုက်လို့မို့ အကျိုးမပေးနိုင် ဖြစ်သွားပါတယ်။


Read more...

 

တစ်နေ့ ပြင်သစ်သူငယ်ချင်းတစ်ဦးက မြန်မာပြည် သွားလည်မှာမို့  ငှက်ဖျားကာကွယ်ဆေး ထိုးသွားရမလားလို့ ဖုန်းဆက်မေး လာပါတယ်။

ကျမက ငှက်ဖျားကာကွယ်ဆေး မလိုဘူး၊ ခွေးရူးကာကွယ်ဆေးတော့ ထိုးသွားသင့်တယ်လို့ ဖြေလိုက်တဲ့ အခါ သူမက တအံ့ တသြနဲ့ ဘာဖြစ်လို့လဲလို့ မေးပါတယ်။

Read more...

 
More Articles...
up
 
Back