မျိုးချစ်သစ္စာ 

သူ့ နန္ဒ


နေပါ။

နှစ်တွေများစွာ   ငါအုပ်စိုးကာနေလာတဲ့ နယ်မှာ

မင်းပျော်သလောက်သာ နေ။

အမျိုးတူချင်းတွေမို့ 

မင်းရဲ့  ပြုမူခြင်းများမှာ

တို့ အတွက် မှားယွင်းချက်တွေ  ရှိစေအုံးတော့

ဘယ်သို့ သော ရန်မူခြင်းမှ ငါမလုပ်ဘူး။


စားပါ။

ငါ့နယ်ပယ်မှာထွက်တဲ့  စားလို့ ရတဲ့ အရာတွေကို

မင်း စားချင်တယ်ဆို  သဘောရှိဘဲ။

ငါ့ပိုင်နက်ထဲက အစာကို

မင်းနဲ့  မျှဝေကာ စားနိုင်တာက

အမျိုးသားရေးကိစ္စလို့   စိတ်မှာထားနေလို့ ပေါ့။

သောက်ပါ။

အသွင်မတူကြတဲ့ သူတွေနဲ့ တောင်

ရေကန်ဘောင်တစ်ခုတည်းက ရေကို

ခွဲဝေကာ သောက်နိုင်တဲ့  ငါ

ဘာကြောင့်များ သန့် စင်တဲ့ ရေကန်ဆီ

မင်းကို ခေါ်ယူပြီး  မပြနိုင်ရမှာလဲ။

တို့ အမျိုးတွေ  အေးမြပါစေဆိုတဲ့ စိတ်ပေါ့။

ဂူတစ်ဂူထဲမှာ

အတူအောင်းကာ မနေနိုင်ကြတဲ့  ကေသရာဇာတွေထဲ

                            ငါ့ကိုတော့  ရောဆွဲမထည့်လိုက်နဲ့ ။

မျိုးချစ်စိတ်မဲ့တဲ့  သဘောတွေ

တရားသေလက်ခံကာ စွဲကိုင်မနေတတ်ဘူး။

မင့်ပြုတဲ့သစ္စာတရား  ငါ့အပေါ် မဲ့များမဲ့ခဲ့ရင်တောင်

ငါ့သစ္စာမျိုး  မင့်မှာရှိလာစေဆိုတဲ့ စိတ်မျိုးနဲ့ 

ဆုတောင်းကာ နှလုံးမူလိုက်မယ်။

ဒါ အမျိုးအပေါ်ထားတဲ့  ငါ့သစ္စာ။

 
up
 
Back