|
ပန်းကောင်းမှန် ပန်တိုင်းမွှေး
![]() ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဒီကလေးက မိမိရဲ့တူနဲ့ ခင်မင်မှုကို အကြောင်းပြုပြီး ကျောင်းကို မကြာမကြာရောက်လာလေ့ရှိတဲ့အတွက် ကျောင်းရှိဦးဇင်းကိုရင် အားလုံးနဲ့လည်း ရင်းနှီးခဲ့တာ ကြာကြာလှပြီ။ ကြာဆို နယ်မှာ လေးတန်းအောင်ပြီးလို့ တောင်စွန်းကို ငါးတန်းဆက်တက်ဖို့ ရောက်လာ ကတည်းက သူတို့ချင်း ခင်မင်ခဲ့တာ အခုဆို ရှစ်တန်းတောင် ရောက်ကြပြီ။
ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း
ကျွန်မတခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေ ရယ်စရာလေးတွေ ထည့်ဟောတတ်ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့သူတွေဟာ ထိုင်လျှက်လဲ အိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူး သူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ်ဘုရားလို့ ကျွန်မ စိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။
ကံအမှောင်နဲ့ ဥာဏ်အရောင်
တခါတုန်းက သာဝတ္ထိပြည်ကြီးနဲ့ မနီးမဝေးလှတဲ့ ရွာလေးတစ်ရွာမှာ လယ်သမားမိသားတစု ရှိပါသတဲ့၊ သားမိသားဖ သုံးယောက်ရယ်၊ လယ်ရှင်မရဲ့ မောင်ရယ်၊ အားလုံး လေးယောက်ပေါ့ကွယ်။ သူတို့ဟာ လယ်ယာလုပ်ကိုင်စားသူတွေပီပီ တနေ့မှာတော့ “မိုးမသောက်ခင်က ခလောက်ကယ် ဂျောင်ဂျင်” ဆိုသလို နံနက်စောစောကတည်းက ယောက်ျားသားသုံးဦးဟာ လယ်ယာကွက်ဆီကို လာကြပါသတဲ့။
မာတာဘိခ်ျကမ်း ထူးဆန်းထွေလာ
ဖလော်ရီဒါပြည်နယ်အတွင်း ရောက်ခဲ့တဲ့နေရာတွေထဲမှာ အလျင်က ရောက်ဖူးတဲ့နေရာလည်းပါသလို ကြားဖူးရုံမျှ နေရာလည်းပါရဲ့။ အလျင်က လုံးဝမကြားမိခဲ့ဖူးတဲ့နေရာအချို့လည်း ပါဝင်ပါတယ်။ မြောက် တောင်ကာရိုလိုင်းနားပြည်နယ်များထဲကိုတော့ ဒါကပထမဆုံး အကြိမ်ရောက်ဖူးခြင်းလေ။ ဒီပြည်နယ် များထဲကနေရာအတော်များများကလည်း နာမည်မျှတောင် မကြားခဲ့ဖူးလောက်အောင် စိမ်းနေခဲ့တာ။ မကြားဖူးတဲ့နေရာများမှာ မထင်မှတ်ထားတဲ့အရာများကိုတွေ့ရတော့ မယုံကြည်ဖွယ်တွေဖြစ်ပြီး မအံ့သြပဲ မနေနိုင်ဖြစ်ရတာ ဘယ်မှာ အဆန်းတော့လည်း ဟုတ်ပါ့မလဲ။
ဆု နဲ့ ဒဏ် “ငရဲကြီးတော့မယ် ဟေ့ ... ငရဲကြီးတော့မယ်” တိုင်ပင်ကိုက် ထပ်ပြောဆိုနေသံကြောင့် နားစွင့် မိသည်၊ ခင်မေထွန်းနဲ့ ယမင်းတို့အသံ၊ ဘာများ ဖြစ်ကြ ပြန်ပြီလဲ မသိ၊ “နီနီတို့ရေ ဟောဒီမယ် ကိုညီညီတို့ ဘုရားအုတ်ခုံပေါ်တက်ပြီး ခိုလေးတွေကို ခဲလုံးနဲ့ လိုက်ပစ်နေတာ ခိုလေးတစ်ကောင် မှန်သွားပြီ” “ညီညီထွန်းဝေနဲ့ စည်သူထွေးတို့ နင်တို့ ဝဋ် လိုက်မယ် ... ငရဲကြီးမယ် သိရဲ့လား”
|
More Articles...
- ခြင်းတောင်းကြီး ပြန်ယူခဲ့နော် (နတ်စည်)
- သိရီမင်္ဂလာကျောင်း ကဆုန်ညောင်ရေသွန်းပွဲတော်မုဒိတာပုံရိပ်များ(5.25.2013)
- “အလှနေရာ ပြောင်းကြမယ်” အရှင်ဥာဏိက
- “အန္ဓဝေဏိ” (နတ်စည်)
- စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ (စပယ်ဖြူ)
- လူ့ဘုံကို နောက်ဆုံးလာသူနှင့် သွားချည် လာချည် ဖောက်သည်များ
- “ခရီးသွားပါ ”အရှင်ဉာဏိကာဘိဝံသ( ကာလီဖိုးနီးယားတက္ကသိုလ်)
- သိရိမင်္ဂလာကျောင်း နှစ်သစ်ပရိတ်တရားနာ၊ သက်ကြီးပူဇော်ပွဲ ကုသိုလ်ပုံရိပ်လွှာ(4/13/2013)
- ကံထွန်းသစ်၏အမှာ နဲ့ မြင်ရတဲ့စိတ်
- တည့်မတ်တိမ်းညွတ် ... ကွေ့ချော်ဖြောင့်တန်း ...ပွားနေရတဲ့ ဗြဟ္မစိုရ်များ
- ပုစ္ဆာတော၌ ...(ကံထွန်းသစ်)
- “သိရီမင်္ဂလာဗုဒ္ဓပူဇနိယတပေါင်းပွဲတော်မုဒိတာပုံရိပ်”
- “စိတ်ချလို့သာနေစေချင်”မောင်အာဂ (ပင်လည်ဘူး)
- “ကမ္ဘာတည်မည့်ဂုဏ်” (ကံထွန်းသစ်)
- “မေတ္တာစစ်သည်တော်” အရှင်ဆန္ဒာဓိက(နတ်မှီတောရ)
- “ကုသိုလ်ကံ မဆက်လိုက်မိတော့” ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
- “လက်နက်တုဖြင့် အနိုင်ယူခြင်း” မောင်ကြည်လင်(ပင်လည်ဘူး)
- “ရာဇဝင်ကို ရိုင်းစေသူများ” ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
- “ရင်ထဲက အရဟံ” အပိုင်း(၄) ရဝေနွယ်(အင်းမ)
- အသက်နဲ့ထပ်တူ
- “ရှင်ကောင်းတပါး သားကောင်းတထောင်” (ကံထွန်းသစ်)



up