လယ်တီဆရာတော်ဘုရားကြီး၏ မဟာသရဏဂုံတော်ကြီး အမှတ်တရ မှတ်တမ်းရုပ်သံလေးပါ၊

Ads on: Special HTML
အမှတ်တရပုံရိပ်များ


Ads on: Special HTML
ပန်းကောင်းမှန် ပန်တိုင်းမွှေး
IMG_0164
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ဒီကလေးက မိမိရဲ့တူနဲ့ ခင်မင်မှုကို အကြောင်းပြုပြီး ကျောင်းကို မကြာမကြာရောက်လာလေ့ရှိတဲ့အတွက် ကျောင်းရှိ ဦးဇင်း ကိုရင်အားလုံးနဲ့လည်း ရင်းနှီးခဲ့တာ ကြာကြာလှပြီ။ ကြာဆို နယ်မှာ လေးတန်းအောင်ပြီးလို့ တောင်စွန်းကို ငါးတန်းဆက် တက်ဖို့ ရောက်လာကတည်းက သူတို့ချင်း ခင်မင်ခဲ့တာ အခုဆို ရှစ်တန်းတောင် ရောက်ကြပြီ။
မိမိတူကလည်း နတ်မောက်နယ်က လေးတန်းအောင်ပြီးလို့ ရွာမှာ ပညာဆက်လက် သင်စရာမရှိတဲ့အတွက် မိမိနေတဲ့ တောင်စွန်း ကို ရောက်လာခဲ့တာ။ ဒီကလေးကလည်း အလားတူပဲ....

Read more...

 
ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း

ကျွန်မတခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေ ရယ်စရာလေးတွေ ထည့်ဟောတတ်ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့သူတွေဟာ ထိုင်လျှက်လဲ အိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူး သူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ်ဘုရားလို့ ကျွန်မ စိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။

Read more...

 
ကံအမှောင်နဲ့ ဥာဏ်အရောင်

တခါတုန်းက သာဝတ္ထိပြည်ကြီးနဲ့ မနီးမဝေးလှတဲ့ ရွာလေးတစ်ရွာမှာ လယ်သမားမိသားတစု ရှိပါသတဲ့၊ သားမိသားဖ သုံးယောက်ရယ်၊ လယ်ရှင်မရဲ့ မောင်ရယ်၊ အားလုံး လေးယောက်ပေါ့ကွယ်။
သူတို့ဟာ လယ်ယာလုပ်ကိုင်စားသူတွေပီပီ တနေ့မှာတော့ “မိုးမသောက်ခင်က ခလောက်ကယ် ဂျောင်ဂျင်” ဆိုသလို နံနက်စောစောကတည်းက ယောက်ျားသားသုံးဦးဟာ လယ်ယာကွက်ဆီကို လာကြပါသတဲ့။

Read more...

 

မာတာဘိခ်ျကမ်း ထူးဆန်းထွေလာ


ဖလော်ရီဒါပြည်နယ်အတွင်း ရောက်ခဲ့တဲ့နေရာတွေထဲမှာ အလျင်က ရောက်ဖူးတဲ့နေရာလည်းပါသလို ကြားဖူးရုံမျှ နေရာလည်းပါရဲ့။ အလျင်က လုံးဝမကြားမိခဲ့ဖူးတဲ့နေရာအချို့လည်း ပါဝင်ပါတယ်။ မြောက် တောင်ကာရိုလိုင်းနားပြည်နယ်များထဲကိုတော့ ဒါကပထမဆုံး အကြိမ်ရောက်ဖူးခြင်းလေ။ ဒီပြည်နယ် များထဲကနေရာအတော်များများကလည်း နာမည်မျှတောင် မကြားခဲ့ဖူးလောက်အောင် စိမ်းနေခဲ့တာ။ မကြားဖူးတဲ့နေရာများမှာ မထင်မှတ်ထားတဲ့အရာများကိုတွေ့ရတော့ မယုံကြည်ဖွယ်တွေဖြစ်ပြီး မအံ့သြပဲ မနေနိုင်ဖြစ်ရတာ ဘယ်မှာ အဆန်းတော့လည်း ဟုတ်ပါ့မလဲ။


Read more...

 

ဆု နဲ့ ဒဏ်

“ငရဲကြီးတော့မယ် ဟေ့ ... ငရဲကြီးတော့မယ်”

တိုင်ပင်ကိုက် ထပ်ပြောဆိုနေသံကြောင့် နားစွင့် မိသည်၊ ခင်မေထွန်းနဲ့ ယမင်းတို့အသံ၊ ဘာများ ဖြစ်ကြ ပြန်ပြီလဲ မသိ၊

“နီနီတို့ရေ ဟောဒီမယ် ကိုညီညီတို့ ဘုရားအုတ်ခုံပေါ်တက်ပြီး ခိုလေးတွေကို ခဲလုံးနဲ့ လိုက်ပစ်နေတာ ခိုလေးတစ်ကောင် မှန်သွားပြီ”

“ညီညီထွန်းဝေနဲ့ စည်သူထွေးတို့ နင်တို့ ဝဋ် လိုက်မယ် ... ငရဲကြီးမယ် သိရဲ့လား”

Read more...

 
More Articles...
up
 
Back