My trip to Bend. Oregon
2011-ခု၊ မေလ ၈-ရက်နေ့က Portland ကနေ မိုင် ၁၅၀ကျော်ဝေးတဲ့ Bend ဆိုတဲ့ မြို့လေးကို ညီညီဇော်၊ သွယ်နီမင်းတို့မိသားစုက ဆွမ်းစားပင့်လို့ရောက်ဖြစ်ခဲ့ပါတယ်။ အပြန်ခရီးမှာ Bendမြို့ကနေ နာရီဝက်နီးပါးမောင်းရတဲ့ Redmond မြို့နားမှာရှိတဲ့ Smith Rock State Parkကိုရောက်ဖြစ်ခဲ့ပါတယ်။ ကားတစ်စီးကို ငါးဒေါ်လာပေးရပါတယ်။ အဲသည်နေရာကတော့ မောင့်ဟု စနိုးတောင်လို စနိုးများအမြဲမရှိနေဘဲ အရီးဇိုးနားက ဂရိန်းကင်ညင်လို ခြောက်သွေ့နေပါတယ်။ တောင်ခြေမှာ စမ်းချောင်းလေးများနဲ့အတူ သာယာလှပတဲ့ တံတားလေးနဲမို့ အလည်ရောက်တဲ့သူအပေါင်းကိုတော့ ဆွဲဆောင်မှုအပြည့်ရှိလှပါတယ်။ တကယ်လို့ မိမိတို့သွားတဲ့နေ့သာ ရာသီဥတုသာ ကောင်းမယ်ဆိုရင်ဖြင့်..။ တကယ်တော့ အော်ဂီဂွန်ပြည်နယ်ဟာ သူ့နေရာနဲ့သူ ရာသီအလိုက် အလှမျိုးစုံတွေနဲ့ သာယာလှပနေတာပါ။
မှတ်ချက်။ ဓာတ်ပုံများပေါ်အောင် ခဏစောင့်ရပါသည်။

up