တစ်နေ့ ပြင်သစ်သူငယ်ချင်းတစ်ဦးက မြန်မာပြည် သွားလည်မှာမို့  ငှက်ဖျားကာကွယ်ဆေး ထိုးသွားရမလားလို့ ဖုန်းဆက်မေး လာပါတယ်။

ကျမက ငှက်ဖျားကာကွယ်ဆေး မလိုဘူး၊ ခွေးရူးကာကွယ်ဆေးတော့ ထိုးသွားသင့်တယ်လို့ ဖြေလိုက်တဲ့ အခါ သူမက တအံ့ တသြနဲ့ ဘာဖြစ်လို့လဲလို့ မေးပါတယ်။


ကာကွယ်ဆေးဆိုတာ ဆေးပညာအရ (Vaccine) ဗက်ဆင်းလို့ ခေါ်ပါတယ်။ ငှက်ဖျား ရောဂါအတွက် ဗက်ဆင်း မရှိသေး ပါဘူး။ ခွေးရူးပြန်ရောဂါအတွက်တော့ ရှိပါတယ်။


ဗက်ဆင်းဆိုတာ ရောဂါဖြစ်စေတဲ့ပိုးကို တစ်နည်းတစ်ဖုံ ပြုပြင်ထားတဲ့ ပိုး (၀ါ) ပိုးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို ပြောတာပါ။ ဥပမာ။ ပိုလီရိုကာကွယ်ဆေးဆိုရင် ပိုလီရိုပိုးကို        အားအင်ချိနဲ့အောင်လုပ် ထားတာပါ။ တစ်ချို့ကာကွယ်ဆေးက ပိုးအသေတွေပါ။ တစ်ချို့က ပိုးရဲ့ အရေခွန် (ဥပမာ။ ဘီ အသဲရောင်ပိုး)တွေပါ။


ငှက်ဖျားအတွက် ဗက်ဆင်းမရှိပါဘူး။ ဒါပေမဲ့ ငှက်ဖျားရောဂါပေါ်များတဲ့ ဒေသတွေကို ခဏတဖြုတ် အလည်သွားမယ်ဆိုရင်တော့ ငှက်ဖျားပိုးတွေ သွေးထဲဝင်လာတာနဲ့ အဲ့ဒီ ပိုးတွေကို သွေးထဲက စောင့်သတ်မဲ့ ငှက်ဖျားပိုးသတ်ဆေးကို ခရီးမသွားခင်က စပြီး၊ ခရီးက ပြန်လာပြီး ၁-၂ ပတ် အထိ၊ ဆေးသောက်ထားတာကို ပြောတာပါ။ မြန်မာပြည် ခဏ အလည် သွားမယ်ဆိုရင် အဲ့ဒီလို ကာကွယ်ဖို့ မသင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့။


၁။ငှက်ဖျားပိုးသတ်ဆေးတွေက ပြင်းပါတယ်။အထူးသဖြင့် ရက်ကြာကြာ သောက်ရတာမျိုးမှာ။

၂။နောက်ပြီး ဆေးသောက်လို့မရတဲ့ အခြေအနေတွေရှိပါတယ်၊ ဥပမာ။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မွေးရာပါသွေးဥနီရောဂါ (Thalassemia, sickle cell anemia etc) ရှိသူများ။

၃။ အချို့လူများ ဆေးဒဏ်မခံနိုင်ပဲ ပျို့ခြင်း၊ အံခြင်းများ ဖြစ်ပါတယ်။

၎။နေ့စဉ် (၀ါ) အပတ်စဉ် တိတိကျကျ သောက်ရပါတယ်။ မေ့ပြီး မသောက်မိရင် ရောဂါ ဖြစ်နိုင်ပါတယ်။

၅။ Tourist ခရီးသည်တွေ သွားလေ့ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးတို့မှာ ငှက်ဖျား ပိုးသယ်တဲ့ခြင် မရှိပါဘူး။ အင်းလေးမှာတော့ ခြင်ရှိ နိုင်ပါတယ်။ ဒါပေမဲ့ ငှက်ဖျားပိုးသယ်တဲ့ခြင် က ညနေစောင်းကစပြီး ညဘက်ပဲကိုက်ပါတယ်။ ခရီးသည်တွေအနေနဲ့ ညဘက် အပြင်ထွက် လည်မှာ မဟုတ်လို့ပါ။ အင်းလေးမှာ ညအိပ်တယ်ဆိုရင်တော့ ညနေစောင်းကစပြီး ခြင်မကိုက် တဲ့ဆေး (Mosquito repellent) တွေကို အ၀တ်မဖုံးတဲ့ လက်တွေ ခြေတွေမှာ လိမ်းထားရင်၊ ဒါမှမဟုတ် ခြင်ဇကာတပ်ထားတဲ့ အခန်းမှာနေရင် ပိုပြီးအန္တရာယ်ကင်းပါ တယ်။


ခွေးရူးပြန်ရောဂါကျတော့ ဗက်ဆင်း ရှိပါတယ်။ နောက်တစ်ချက်က ခွေးရူးပြန်ရောဂါ           ဖြစ်ပြီးဆိုရင်တော့ ကုရာနတ္ထိဆေး မရှိလို့ပါ။ ယနေ့အထိ ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ဖြစ်ပြီး ရှင်တဲ့လူ ယောက်သာ မှတ်တမ်းတင်ထားပါတယ်။ အဲ့ဒါကလဲ အမေရိကန်ပြည် မှာ နောက်     ဆုံးစမ်းသပ်ကုသနည်းနဲ့ လူနာရဲ့ ဥဏှောက်ရောင်နေစဉ် တမင်ကိုမာ (Artificial coma) ဖြစ်အောင် လုပ်ထားခြင်းဖြင့် ဥဏှောက်ရဲ့ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းစေပြီး ခွေးရူးပြန်ပိုး (Rabies Virus) သတ်ဆေးများ ပေးခြင်းဖြင့် ပိုးများကိုသေဆုံးစေပြီးမှ ကိုမာ (coma ) က ထစေခြင်း ဖြစ်ပါတယ်။ 


အာရှတစ်ခွင်မှာ တစ်နစ်ကို ခွေးရူးပြန်ရောဂါကြောင့် လူ သုံးသောင်းကျော် အသက် ဆုံးရှုံးရပါတယ်။ အများဆုံးကတော့ ခွေးလေ ခွေးလွင့်များကြောင့် ပါပဲ။


တိုးတက်တဲ့နိုင်ငံတွေမှာတော့ အိမ်မွေးတိစ္ဆာန်တွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး တွေ ထိုးထားပါတယ်။ ယခုအခါ နောက်ဆုံးပေါ် အပူဒဏ်ခံနိုင်ပြီး စားလို့ရတဲ့ ခွေးရူးပြန် ကာကွယ်ဆေး ပေါ်လာတဲ့အတွက် တောနေတိစ္ဆာန်များကို ကာကွယ်ဆေးနဲ့ရောထားတဲ့အစာ များ ချထားပေးခြင်းဖြင့် တောနေတိစ္ဆာန်များကိုပါ ကာကွယ်နိုင်တဲ့အတွက် တိုးတက်တဲ့ နိုင်ငံ တွေမှာ ခွေးရူးပြန်ရောဂါ မဖြစ်သလောက် ရှားသွားပါပြီ။ 


ရှေးက ခွေးရူးပြန်ကာကွယ်ဆေးတွေက နှစ်ပတ်တိတိ ထိုးရပါတယ်၊ ချက်ပတ်လည်မှာ ထိုးရပြီး အလွန်လည်း နာတဲ့အတွက် ဆေးထိုးတာ ၁၀ လုံး လောက်ဆိုရင်လူနာဟာဗိုလ်အနာ သက်သာအောင် ခါးကုန်းပြီး သွားလေ့ရှိပါတယ်။ နောက်ပြီး အဲ့ဒီကာကွယ်ဆေးတွေကို တိရစ္ဆာန်တွေရဲ့ ဥဏှောက်ထဲမှာ မွေးထားတာမို့ တိရစ္ဆာန်တွေရဲ့ ဥဏှောက်နဲ့မတဲ့ ဒဲ့ဥဏှောက် ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။  


ခေတ်ပေါ် ကာကွယ်ဆေးတွေက ရှေးက ကာကွယ်ဆေးတွေလို မနာတော့ ပါဘူး။ အများကြီးလည်း ထိုးစရာ မလိုပါဘူး။ သုံးကြိမ်ပဲ လက်မောင်းမှာ တစ်ပတ်ခြားပြီး ထိုးရပါ တယ်။ 

ခွေးရူးပြန်ရောဂါက (Virus) ပိုးကြောင့် ဖြစ်တာပါ။ ဒီပိုးက ခွေးရူးပြန်ရောဂါသည်           (၀ါ) တိရစ္ဆာန်ရဲ့ တံတွေးထဲမှာ ရှိပြီး ကိုက်လိုက်တဲ့အခါ အနာကနေ ပိုးဝင်သွားပါတယ်။ အကိုက် မခံရပေမဲ့ တံတွေးနဲ့ထိတဲ့ အရေပြား ပေါက်နေမယ်ဆိုရင် ပိုးတွေ ၀င်နိုင်ပါတယ်။ (Virus) ပိုးတွေက အလွန်သေးငယ်တာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရေပြား အပေါက်များက ၀င်နိုင်ပါတယ်။ 


အရေပြားကို ကျော်ပြီးတဲ့နောက် ပိုးများဟာ (Nerve) နပ်ကြောတွေ ကတဆင့် ဥဏှောက်ကို ရောက်ပါတယ်။ ဥဏှောက်မှာ ပိုးတွေ ပွါးတာကြောင့် ဥဏှောက်ရောင်လာပါ တယ်။ ရောဂါစတင်ဖြစ်ပွါးချိန် (၀ါ) ရောဂါလက္ခဏာများ စတင် ပေါ်ပေါက်ချိန်ဟာ  ပိုးတွေ ဥဏှောက်ကို ရောက်ဖို့ သွားရတဲ့ အကွာအဝေးပေါ်မှာ တည်ပါတယ်။ ဥပမာ။ ခြေထောက်မှာ အကိုက်ခံရတဲ့သူဟာ လက်မှာ အကိုက်ခံရတဲ့သူထက် နောက်ကျပြီးမှ ရောဂါဖြစ်ပါတယ်။ ထိုနည်းတူ ခလေးထက် လူကြီးများမှာ ရောဂါနောက်ကျ ပြီးဖြစ်ပါတယ်။


ခွေးရူးပြန်ရောဂါဟာ သွေးနွေးသတ္တ၀ါတိုင်းမှာ ဖြစ်နိုင်တာမို့ ခွေးမှသာမဟုတ် ကြောင်      ကိုက်ခြင်း၊ လူကိုက်ခြင်း၊ ယုန်ကိုက်ခြင်း တို့ကြောင့်လည်း ကူးနိုင်ပါတယ်။ ကြွက်များ မှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပါဘူး။ ဒါကြောင့် ကြွက်ကိုက်ခြင်းကြောင့် ခွေးရူးပြန်ရောဂါ မဖြစ်ပါဘူး။ အချို့သော ခွေးနဲ့ အထူးသဖြင့် လင်းနို့များဟာ ရောဂါမဖြစ်ပဲ ပိုးသယ်ဆောင်နိုင် (carrier) ပါ တယ်။ ဒါကြောင့် ခွေးကောင်းအကိုက်ခံရပေမဲ့ ခွေးရူးပြန်ရောဂါဖြစ်နိုင်ပါတယ်။


များသောအားဖြင့် ခွေးကိုက်ခံရပြီး  ၂-၁၂ ပတ် အတွင်း ရောဂါလက္ခဏာများ ပေါ်ပါ တယ်။၂- နှစ် အထိကြာတဲ့ သူလည်း ရှိတတ်ပါတယ်။ ဒါကြောင့်အချို့လူနာများခွေးကိုက်ခံခဲ့ ရတာကို မမှတ်မိတော့ပါဘူး။ 


ရောဂါလက္ခဏာများပေါ်ပြီး ပတ် အတွင်းလူနာသေဆုံးပါတယ်။ ထူးခြားတဲ့ ရောဂါ က္ခဏာတွေကတော့၊ သားရည် တစ်မြားမြား ဖြစ်ခြင်း၊ ရေအလွန်ဆာ သော်လည်း ရေမြင် တာနဲ့ ကြောက်လန့်ပြီး တစ်ကိုယ်လုံး အကြောတတ်ပါတယ်။ လူနာဟာ သေဆုံးသည် အထိ သတိရှိနေပြီး ရောဂါရဲ့ဒဏ်ကို အပြင်းအထန် ခံစားရရှာပါတယ်။ ငရဲခံစားနေရ သလို ပါပဲ။  


တောင်ကြီးဆေးရုံမှာ တာဝန်ကျနေတုံး ခွေးရူး အကိုက်ခံရတဲ့ သားအမိနှစ်ယောက် ရောက်လာပါတယ်။ တခြားသူများကို ကူးစက်မည့် အန္တရာယ်ကြောင့် သားအမိနှစ်ယောက် လုံးကို တိရစ္ဆာန်တွေလှောင်သလို လှောင်ထားရပါတယ်။  


ရောဂါကြောင့် လူနာ နှစ်ယောက်လုံး အငြိမ် မနေနိုင်ပဲ လှောင်ရုံရဲ့ တိုင်တွေကို ကိုက် နေကြပါတယ်။  


ရေဆာတယ်လို့ ပြောပေမဲ့ ရေပေးတဲ့အခါ မသောက်နိုင်ပဲ ပိုပိုပြီး တက်ကြ ပါယ်။ ပါးစပ်တွေကလည်း သားရည်တွေ ယိုစီးနေကြပါတယ်။ တကယ့် ခွေးရူးတွေလို ပါပဲ။ အခုနှစ် ၃၀ ကျော်ခဲ့ပေမဲ့။ ကျမ မျက်စိထဲမှာ ယခုတိုင် မြင်ယောင် နေဆဲပါ။ 


သြော် ဘယ်လို အကုသိုလ်ကြောင့်များ ဒီလိုခံစားရပါလိမ့်။ သားအမိ နှစ်ယောက်ကို အတက် သက်သာအောင် ငြိမ်ဆေးထိုးပေး ထားပါတယ်။ ပြင်းတဲ့ အိပ်ဆေးတို့၊ အကြောပျော့ ဆေးတွေလည်း ထိုးလို့မရပါဘူး။ ရောဂါကြောင့်ဖြစ်တဲ့ အသက်ရူကျပ်တဲ့ အခြေအနေကို ပို ဆိုးစေမှာမို့ ပါ။


ကာကွယ်ကုသနည်း။ 

။ခွေးကိုက်ခံရသောနေရာကို ရေ ဆပ်ပြာတို့ဖြင့် ၁၀-၁၅ မိနစ်ခန့် စင်အောင် ဆေးရပါမယ်။ ပိုးတွေ ကိုယ်ထဲအများကြီး မ၀င်အောင်လို့ပါ။ 


၂။ အနာကို အိုင်အိုဒင်းဆေးရည်နဲ့ သုပ်လိမ်းပေးပါ။ အိုင်အိုဒင်းဆေးက ပိုးသတ် နိုင်ပါတယ်။ 


။လူနာကို တိတ်ဆိတ်သော အမှောင်ခန်းထဲမှာ ထားရပါမယ်။ အသံနဲ့ အလင်းရောင်များက လူနာကို တက်စေပါတယ်။ (ရန်ကုန်ဆေးရုံကြီး မြေအောက်ခန်းမှာ ခွေးရူးပြန် ရောဂါသည် များထားပါတယ်) 


။ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ် ဆိုတာ ခွေးရူးပြန်ရောဂါ အတွက်အလွန် မှန်ပါတယ်။ ကာကွယ်ဆေးကသာ ရောဂါကို ကာကွယ်နိုင်ပြီး၊ ကုသဆေးကတော့ မရှိ ပါဘူး။ ကာကွယ်ဆေးကို ၃ကြိမ်ပြည့်အောင် ထိုးထားရင် နှစ်ခံပါတယ်။ နှစ်ကျော်ပြီးမှ ခွေးကိုက် ခံရရင်လည်း ကာကွယ်ဆေးထိုးထားသူက ကာကွယ်ဆေးလုံးဝ မထိုးဖူးသူထက် ရောဂါ ကာ ကွယ်နိုင်တဲ့(Antibodies) အန်တီဘော်ဒီတွေ မြန်မြန်နဲ့များများ ထုတ်နိုင်လို့ လူနာကို အသက် ချမ်းသာရာ ရစေနိုင်ပါတယ်။ 


။ကာကွယ်ဆေး မထိုးထားတဲ့သူ ခွေးရူးကိုက်ခံရပြီး ရောဂါလက္ခဏာတွေပေါ်နေပြီ ဆိုရင် တော့ လူနာ့ကိုယ်က (Antibodies) အန်တီဘော်ဒီတွေ ထုတ်ချိန် (ကာကွယ်ဆေး ထိုးပြီး အနည်းဆုံး နှစ်ပတ်ကြာပါတယ်) နဲ့ ရောဂါကို အချိန်မှီ မကယ်နိုင်ပါဘူး။ ဒါကြောင့် တစ်ခြား လူ (၀ါ) တိရစ္ဆာန် (၀ါ) သိပ္ပံနည်းဖြင့် ထုတ်လုပ်ထားတဲ့ အန်တီဘော်ဒီတွေကို ထိုးပေးရပါ တယ်။ အဲ့ဒီ အန်တီဘော်ဒီတွေက နိုင်ငံခြားက မှာရတာမို့ ချက်ချင်း မရပါဘူး။ ဒေါလာနှစ် ထောင်ခန့် ကုန်ကျပါတယ်။


။ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း။ ခွေးရူးပြန်အန်တီဘော်ဒီတွေက မြန်မြန် အလုပ်လုပ် သော်လည်း မြန်မြန် ပျက်စီးကုန်တဲ့အတွက် သဘာဝ လူနာကိုယ်မှ အန်တီဘော်ဒီတွေ ထွက်လာပြီး ရောဂါကိုဆက်လက် ပျောက်ကင်းနိုင်အောင် ထိုးရတာပါ။ 


၇။Valium ကဲ့သိုငြိမ်ဆေး အပျော့များ ပေးထား ရပါတယ်။ 


၈။လူနာ လိုအပ်သော ရေနဲ့ သကြားဓါတ်များ၊ ဆားများ၊အာဟာရဓါတ်များကို ဆေးပုလင်းကြီး (drip) များနဲ့ သွင်းပေးထား ရပါတယ်။ 


၉။ အသက်ရူရန် ခက်ခဲ နေသူများအား အောက်ဆီဂျင်ပေးခြင်း၊ အသက်ရူစက်တပ်ခြင်း။


၁၀။ တိုးတက်သောနိုင်ငံများတွင် (Artificial coma) တမင်ကိုမာ ပြုလုပ်ထားခြင်း။ 


၁၁။ ကိုက်သောခွေးကို အနည်းဆုံး နှစ်ပတ် စောင့်ကြည့်ရပါမယ်။ နှစ်ပတ်အတွင်း ခွေးရူး            သွားတယ်ဆိုရင် ခွေးကိုက်စဉ်က ရောဂါပိုးတွေ ပါဖို့ များပါတယ်။ မရူးဘူးဆိုရင်တော့ ပိုးမပါဖို့ များပါတယ်။ အကောင်းဆုံးကတော့ အကိုက်ခံရတဲ့လူနာရဲ့သွေးမှာ ပိုး ရှိမရှိ စစ်ဆေး တာ အသေချာဆုံးပါပဲ။ အိမ်မှာမွေးထားတဲ့ခွေးက ကိုက်တယ်ဆိုရင်တော့ ရောဂါဖြစ်ဖို့ များပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ် စမှာ ခွေးရဲ့စိတ်တွေ ပြောင်းလဲ တာကြောင့် သခင် ကို ပြန်ကိုက်တာပါ။


လွန်ခဲ့တဲ့ ၁၅ နှစ်က သူဌေးမကြီးတစ်ယောက် အိမ်မှာမွေးထားတဲ့ ခွေးက သူမရဲ့ ၂ နှစ်အရွယ်မြေးမကို လက်မှာကိုက် လိုက်ပါတယ်။ ကာကွယ်တဲ့ အန်တီဘော်ဒီတွေ ထိုး        ဖို့ မမှီ လိုက်ခင်မှာပဲ ခလေး သေဆုံးသွားပါတယ်။


ဒါကြောင့် ဖြစ်နိုင်ရင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးတားဖို့ တိုက်တွန်းပါတယ်။


 
up
 
Back