Anemia ရောဂါဘယ်လိုကာကွယ်မလဲ ကျန်းမာရေး အမေး+အဖြေ
ကျန်းမာရေး အမေး+အဖြေ
မချွင်လေး
မေး။ Hi Aunty ချွင်လေး, A lot of females are having Anemia here because of not enough sun. Summer only last for 3 months or so and the rest are rainy and cloudy days. I've heard that Anemia can switch to Leukaemia. I would like to know whether that saying is ture or not. After how many years that Anemia turns into Leukaemia and how to prevent? Please forgive my poor English. Thank you.
Oakaw
ဖြေ။ ပထမဦးဆုံးအဖြေက သွေးအားနည်းခြင်း (Anemia) ကနေ သွေးကင်ဆာ (Leukaemia) ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သွေးကင်ဆာရောဂါသည်တွေမှာသွေးအားနည်းပါတယ်။ လူနာအနေနဲ့သွေးအားနည်းတယ်ဆိုပြီးဆရာဝန်ပြတတ်ပါတယ်။ စမ်းသပ်စစ်ဆေးတော့မှ သွေးကင်ဆာဖြစ်မှန်းသိတာပါ။ (သွေးကင်ဆာအကြောင်း သီးသန့် ဖေါ်ပြပေးပါမယ်)။
နေရောင်မရလို့ သွေးအားနည်းတယ် ဆိုတာလည်း မဟုတ်ပါဘူး။ နေရောင်မရရင် အသားမှာရှိတဲ့ အရောင်ဖြစ်စေတဲ့ ဆဲ (melanoma) တွေက အညိုရောင် (melanin) တွေ မထုတ်လို့ အသားရောင် ဖြူလာတာကို သွေးအားနည်းတာနဲ့ မှားကြတာပါ။
သွေးအားနည်းတယ်ဆိုတာ သွေးထဲမှာရှိတဲ့ သွေးဥနီတွေနည်းတာ (၀ါ) သွေးဥနီထဲက အနီရောင် (hemoglobin) တွေနည်းတာကိုပြောတာပါ။
အညိုရောင် (melanin) တွေက အရေပြားမှာပဲရှိပါတယ်။ အနီရောင် (hemoglobin) က သွေးဥနီထဲမှာပဲ ရှိပါတယ်။ ဒါပေမဲ့ အရေပြားပါးတဲ့ နေရာတွေမှာ (အာခေါင်၊ မျက်ခွံ အတွင်းပိုင်း) ရှိတဲ့ သွေးကြောမျှင်လေးတွေထဲက သွေးဥနီတွေရဲ့ အနီရောင်ကို မြင်နိုင်ပါတယ်။
ဒါကြောင့် အသားဖြူတာလား သွေးအားနည်းတာလားဆိုတာ ခွဲခြားသိချင်ရင် အာခေါင်နဲ့ မျက်ခွံအတွင်းပိုင်းကို လှန်ကြည့်ရပါတယ်။ (albino) လို့ခေါ်တဲ့လူနာများမှာ အညိုရောင် (melanin) မထုတ်နိုင်တဲ့အတွက် သူတို့အသားဟာ စက္ကူနီးပါးဖြူ ကြပါတယ် (paper white)။ အနောက်နိုင်ငံတွေမှာ အတွေ့များပါတယ်။ သူတို့မှာ အသားတွင်မကပဲ ဆံပင်၊ မျက်ခုံးမွေး၊ မျက်တောင်မွေးတွေပါ ဖြူပါတယ်။ melanin က နေရောင်မှာ ပါတဲ့ (uv light) ရဲ့ဒါဏ်ကို ကာကွယ်ပေးပါတယ်။ နေရောင်များရင် များလာပြီး နေရောင် နည်းရင် နည်း သွားပါတယ်။ ဒါကြောင့် နေပူထဲထွက်တာများရင် အသားတွေမည်းသွား တာပါ။ albino လူနာ တွေမှာ အဲ့ဒီလိုပြုပြင်ပေးနိုင်တဲ့ (melanoma) ဆဲတွေကနေ melanin မထုတ်နိုင်လို့ အပြင် ထွက်ရင် မျက်မှန်အနက် တတ်ရပါတယ်။ အချို့ ခြေအနေဆိုးတဲ့လူနာတွေ အမှောင်ထဲမှာပဲ နေရပါတယ်။ နေရောင်နည်းတဲ့ နေရာတွေမှာ နေတဲ့သူတွေမှာ သဘာဝလိုအပ်ချက်ကြောင့် melanin နည်းတာမို့ နေပူထဲအနေများရင် နေလောင်တာ၊ နေရောင်ကြောင့်အရေပြားကင်ဆာ ဖြစ်တာ ပိုများပါတယ်။ အာဖရိကာလို နေ အလွန်ပူတဲ့ နေရာက လူတွေမှာ melanin အလွန် များလို့ ပိုပြီး အသားမည်းတာပါ။ အာရှသားတွေ တန်ဖိုးထားတဲ့ ဆင်ဖြူတော် ဆိုတာ တကယ် က ဆင် (albino) ပါ။ အညိုရောင် မြန်မာမိသားစုမှာ ဖွါးမြင်တဲ့ မြန်မာ (albino) ကို လူဖြူ ၀င်စား တယ်လို့ ထင်တတ် ပြောတတ် ကြပါတယ်။
သွေးအားနည်းရောဂါတွေ အများကြီးရှိပါတယ်။ အကြမ်းအားဖြင့်
၁။ အစာအာဟာရမှာ သွေးဥနီနဲ့ သွေးဥနီထဲကအနီရောင်(hemoglobin) အတွက်လိုအပ်တဲ့ ပစ္စည်းတွေလုံလောက်မှု မရှိတဲ့အတွက်ဖြစ်တဲ့ သွေးအားနည်းရောဂါ (nutritional anemia).
၂။ မွေးရာပါ သွေးအားနည်းရောဂါ (congenital anemia). ဥပမာ thalassemia.
၃။ သွေးဥနီများပျက်စီးခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ (hemolytic anemia).
၎။ သွေးဥနီများမထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ (deficient production). ဥပမာ aplastic anemia, leukaemia etc.
နံပါတ်တစ် သွေးအားနည်းရောဂါက များသောအားဖြင့် အစားအသောက်ကြောင့် ဖြစ်တဲ့ ရောဂါမို့ အစားအသောက်တွေရဲ့ အကြောင်းကိုသိပြီး သတိထားစားသောက်ရင် ကာကွယ်နိုင်တဲ့ ရောဂါဖြစ်လို့ သူ့အကြောင်းကိုပဲ အလေးထားပြီ ပြောပါမယ်။ ဒီသွေးအားနည်း ရောဂါကို လိုအပ်တဲ့ပစ္စည်းတွေ နည်းပါးမှုပေါ် မူတည်ပြီးအောက်ပါအတိုင်းထပ်ခွဲထားပါတယ်။
၁။ သံဓါတ်နည်းခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ ( Iron deficiency anemia)
၂။ ဗီတာမင် ဖိုလိပ် နည်းခြင်း။(Folic acid deficiency anemia).
၃။ ဗီတာမင် ဘီ ၁၂ နည်းခြင်း။(B12 deficiency anemia).
၁။ သံဓါတ်နည်းခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။ ( Iron deficiency anemia)
နေ့စဉ်စားသော မျှတသည့်အစားအစာများမှာ သာမန်လူအတွက် လုံလောက်သော သံဓါတ်များပါဝင်တဲ့ အတွက် ဒီရောဂါ မဖြစ်ပါဘူး။ ဒါပေမဲ့ သွေး ပိုထုတ်ဖို့လိုတဲ့အခါများမှာ (ဥပမာ ဓမ္မတာများသောအမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ နို့တိုက်ကြွေးနေသောမိခင်များ၊ ကြီးထွားနေသော ခလေးငယ်များ၊ လိပ်ခေါင်း၊ အစာအိမ်စသည့် သွေးထွက်သော ရောဂါသည်များမှာ သာမန်ထက်ပိုလိုအပ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ သံဓါတ်များတဲ့အစားအစာတွေ ပိုစားရပါမယ်။ လိုအပ်ရင် သံဓါတ်ပါသောဆေးများကို ဆရာဝန်နဲ့ပြပြီး သောက်သုံး ရပါမယ်။ သံဓါတ်က သွေးထုတ်ဖို့လိုအပ်ပေမဲ့ ပိုနေတဲ့ သံဓါတ်တွေကလည်း ရောဂါဖြစ်စေပါတယ်။
သံဓါတ်များသောအစားအစာများ။
၁။ တိရစ္ဆာန်အသားများနဲ့အသဲ။
၂။ ရေသတ္တ၀ါများ။
၃။ ပဲအမျိုးမျိုး။
၎။ တိုဖူ။
၅။ အစိမ်းရောင်အသီးအရွက်များ။အထူးသဖြင့် ဟင်းနုနွယ်ရွက်၊ အစိမ်းရောင်ပန်းဂေါ်ဖီ (bricoli)၊ ကညွတ် (asparagus) တို့ဖြစ်ပါတယ်။
ဖိုလိပ် နည်းခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ။(Folic acid deficiency anemia).
သံဓါတ်နည်းသော သွေးအားနည်းရောဂါလိုပဲ အစားအစာမှာပါတဲ့ ဗီတာမင် ဖိုလိပ် ဓါတ်က သာမန်လူကောင်းတစ်ယောက်အတွက် လုံလောက်ပါတယ် ဒါပေမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ နို့တိုက်ကြွေးနေသောမိခင်များ၊ ကြီးထွားနေသောခလေးငယ်များမှာ ဖိုလိပ် ဓါတ် ပိုလိုပါတယ်။ ဒီ့အပြင် ဆေးလိပ်သောက်သူ၊ အချို့သောဆေးများ သုံးစွဲနေရသူများမှာ (ဥပမာ ဆီချိုဆေး၊ ဆီးဆေး၊ အချို့သောခွေးရူးပြန်ဆေးများ၊ အချို့သော အဆစ်အမြစ်ကိုက် ပျောက်ဆေးများ) ပိုလိုပါတယ်။ အဲ့ဒီလူများ ဖိုလိပ်များပြားစွာပါဝင်တဲ့ အစာတွေကိုစားသုံး ရပါမယ်။ လိုအပ်ရင်တော့ ဖိုလိပ် ဗီတာမင် များစားသုံးနိုင်ပါတယ်။ ဖိုလိပ်ဗီတာမင်က ဘီ ဗီတာ မင်အုပ်စုမှာပါ ပါတယ်။ ရေမှာပျော်ဝင်လို့ စားစရာတွေကို ရေမှာ စိမ်ထားရင် ရေထဲ ပါသွား ပါတယ်။ ကိုယ်ထဲမှာ ဖိုလိပ်ဗီတာမင် တွေများနေရင်လည်း ဆီးထဲပါသွားလို့ အန္တရာယ် မပေး တတ်ပါဘူး။ သူက အပူများရင်ပျက်စီးပါတယ်။ ဒါကြောင့် အစိမ်းမစားနိုင်ရင် ရေနွေးငွေ့နှင့် ချက်ပြီး (steaming) စားသုံးသင့်ပါတယ်။
ဗီတာမင်ဖိုလိပ်နည်းတဲ့မိခင် အထူးသဖြင့် ပထမ ရက်သတ္တပတ် ၄ ပတ်မှာ ဖိုလိပ်နည်း ရင် မွေးလာတဲ့သားသမီးတွေမှာ ကိုယ်အင်္ဂါနဲ့ နပ်ကြော် တွေမှာ ပြဿနာဖြစ်နိုင်ပါတယ် (developmental problem)။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်များအထူးသဖြင့် ပထမလမှာ ကိုယ်ဝန်ဆောင် အားဆေးတွေသောက်သင့်ပါတယ်။
ဗီတာမင် ဖိုလိပ်ကြွယ်ဝစွာပါဝင်သောအစားအစာများ။
၁။ တိရစ္ဆာန်အသားနဲ့ နို့ များ။
၂။ ပဲအမျိုးမျိုး။
၃။ အစိမ်းရောင်အသီးအရွက်များ။ အထူးသဖြင့် ဟင်းနုနွယ်ရွက်၊ အစိမ်းရောင်ပန်းဂေါ်ဖီ (bricoli)၊ ကညွတ် (asparagus) တို့ဖြစ်ပါတယ်။ သံဓါတ်ပါတဲ့ အစာအစားနဲ့ အတူတူပါပဲ
ဒါပေမဲ့ သံဓါတ်ကချက်ပြုပ်လို့ရပြီး ဖိုလိပ်က ချက်ရင်ပျက်လွယ်ပါတယ်။
၃။ ဗီတာမင် ဘီ ၁၂ နည်းခြင်းသွေးအားနည်းရောဂါ။(B12 deficiency anemia).
ဗီတာမင် ဘီ ၁၂ က သာမန်လူများမှာအနည်းငယ်ပဲလိုပါတယ်။ အူတွေထဲမှာရှိတဲ့ bacteria ပိုးတွေကလည်း B12 ထုတ်ပါတယ်။ B12 ကို အစာအိမ် နံရံကစုပ်ယူပါတယ်။ B12 စုပ်ဖို့ (intrinsic factor) ဆိုတဲ့ ဓါတ်တစ်မျိုးလိုပါတယ်။ အချို့သူများ မှာမွေးရာပါ intrinsic factor မရှိလို့ B12 ကို အသားထဲ ထိုးပေးရပါတယ်။ ဒီရောဂါက အနောက်နိုင်ငံမှာ အဖြစ်များ ပါတယ်။ အချို့အစာအိမ်ရောဂါသည်တွေနဲ့၊ အစာအိမ်ခွဲထုတ်ထားသူတွေမှာ B12 မစုပ်နိုင်လို့ B12 လျော့သောသွေးအားနည်းရောဂါဖြစ်ပါတယ်။
ဇီဝပိုးသတ်ဆေး (antibiotics) တွေ စားတာများရင်လည်း အူထဲမှာရှိတဲ့ ပိုးတွေသေ ကုန်လို့ B12 ထုတ်လုပ်မှု နည်းခြင်းကြောင့်လည်း B12 သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ B12 နည်းရင် သွေးအားနည်း ရောဂါအပြင် နပ်ကြောရောဂါ ပါဖြစ်ပါတယ်။ B12 ကို တိရစ္ဆာန် ထွက်ပစ္စည်းများဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ အသဲ ၊ဥများ၊ နို့၊ ဒိန်ခဲ၊ ရေဗ၀ဲ၊ ပုဇွန်ထုပ်၊ငါး၊ငါးဥ၊ ဂဏန်း၊ ခရုတို့ မှာများစွာတွေ့ရပါတယ်။
၁။http://en.wikipedia.org/wiki/Iron_deficiency_anemia
၂။http://pediatrics.about.com/od/nutrition/a/06_iron_foods.htm
၃။http://pediatrics.about.com/od/nutrition/a/06_iron_foods.htm
၎။http://www.healthaliciousness.com/articles/foods-high-in-vitamin-B12.php

up