အန္ဓဝေဏိ

ဆန္ဒစောနေသောကြောင့်လားမသိ၊ သင်းကလေးတွေ လာခဲလိုက်တာ၊ ခါတိုင်းဆို ဒီအချိန်ရောက်ပြီ၊ အင်း ... အကြီးတွေကများ အငယ်တွေကို ကစားကွင်းတွေ ဘာတွေ ဟိုဟိုသည်သည်များ လျှောက်ခေါ်နေကြရော့လား၊ အကြီးဆုံးဖြစ်တဲ့ ကိုဇင်မင်းက အပျော်ကဲကဲရယ်၊ ထင်သည့်အတိုင်းပင် ...

Read more...

 
စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ

သူနာပြူ မိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့မွေးနေ့ မေလ (၁၂)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်ရေး လိုက်ပါတယ်။ အတွေ့အကြုံတွေကို စိတ်ဝင်စားစရာဖြစ်အောင် စီကာပတ်ကုံးရေးပြီး၊ ကျန်းမာရေးဗဟုသုတတွေ ထည့်ထည့်ရေးတာ ကျွန်မရဲ့ ပညာပေးနည်းတစ်ခုပါ။ ကျန်းမာရေးဆောင်းပါး သီးသန့်ရေးရင် စိတ်ဝင်စားသူနည်းပြီး၊ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ရေးရင် စာဖတ်သူတွေ အတွက် ကျန်းမာရေးအသိတွေနဲ့အတူ အရေးထားတွေစရာလေးတွေလည်း ရသွားမယ်လို့ မျှော်လင့်ပါတယ်။


Read more...

 
လူ့ဘုံကို နောက်ဆုံးလာသူနှင့် သွားချည် လာချည် ဖောက်သည်များ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မှတ်မှတ်ရရ ၂၀၁၃-ခု၊ ဧပြီလ (၁၃)ရက်၊ မြန်မာတို့ရဲ့ သင်္ကြန်အကြိုရက်က တောင်ငူမြို့၊ သာသနာ့ဝိဟာရီ၊ ရွှေဆံတော်(မရမ်းကျောင်း)တိုက်မှာ သင်္ကြန်တွင်း "ဓမ္မစကြာအဓိပ္ပာယ် သင်တန်း"စတဲ့နေ့ ညပိုင်းပေါ့။ တပည့်ဖြစ်တဲ့ ဦးဇင်းမောင်ဝါက ဖုန်းဆက်လာတယ်။ USA-L.A က ကိုမျိုးဆီက အီးမေးလ်လာလို့တဲ့။ L.A ကလာတာဆိုတော့ ဒီမှာ ဧပြီ ၁၃ ရက်ဆိုရင် သူတို့ဆီမှာတော့ ဧပြီ - ၁၂ ရက် ဖြစ်ပါလိမ့်မယ်။ "ဘာအကြောင်း ကိစ္စပါလိမ့်"ဆိုတော့ "ဒေါက်တာမောင်မောင်ဦး ဧပြီ ၁၁ ရက်ညက ဆုံးသွားလို့တဲ့ ဘုရား၊ အသဲ ရောဂါခွဲစိပ်ကုသရာက အဆင်မပြေဖြစ်ပြီး ဆုံးသွားတာလို့ ပြောပါတယ်"တဲ့။

Read more...

 
ခရီးသွားပါ

ကိုယ့်အကြောင်းကိုယ်ပြန်ဖြည့်ရတဲ့ မှတ်တမ်းများမှာ ကိုယ်အနှစ်သက်ဆုံးနဲ့ ကိုယ်ဝါသနာပါရာဆိုတဲ့ အကွက်မှာ စာရေးစာဖတ်လို့ အမြဲတမ်းဖြည့်နေကျ။ မပြောင်းလဲတဲ့အရာ။ အသက်အရွယ် နေရာ ဒေသနဲ့ အချိန်အခါအရ အခြားဝါသနာတွေ အကြိုက်တွေသာ ပြောင်းကောင်းပြောင်းသွားမယ် စာရေး စာဖတ်တဲ့ဝါသနာကတော့ ခုတိုင်မပြောင်းမလဲ အမြဲရှိနေသေးတဲ့အရာ။ ဒီဝါသနာဟာဖြင့် နောင်မှာ လည်း ပြောင်းလဲသွားနိုင်မယ် မဟုတ်ဘူးလို့လည်း ယုံကြည်မိပါတယ်။


Read more...

 
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်း 2013-ခု၊ဧပြီလ(၁၃)ရက်၊စနေနေ့မှ ဧပြီလ(၂၁)ရက်၊ တနင်္ဂနွေအထိကျင်းပသော သင်္ကြန်တွင်း အထူး(၉)ရက်ဝိပဿနာတရားစခန်းနှင့် ဖွင့်ပွဲနေ့မှာ သက်ကြီးပူဇော်ပွဲ၊ နှစ်သစ်ပရိတ်တရားနာ၊ မြန်မာနှစ်သစ်မှာ ပါရမီရှင်များက စိတ် စေတနာ ထက်ထက်သန်သန်ဖြင့် စုပေါင်းပြုလုပ် အားထုတ်တဲ့ ကုသိုလ်ပြုပုံရိပ်များဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဖျာပုံမဟာစည်သာသနာ့ရိပ်သာဆရာ တော် ဘဒ္ဒန္တဝိသာရဒအရှင်မြတ်မှ ဝိပဿနာတရားတော်များပြသပါသည်။ အထူးအစီအစဉ်ဖြင့် ဒီနှစ်သက်ကြီးပူဇော်ပွဲမှာ သိရီမင်္ဂလာ ဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာစာသင်တန်းမှ သင်တန်းသူ၊ သင်တန်းသား ကျောင်းသား ကျောင်းသူ မောင်မယ် လူငယ်များက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် နှစ်သစ်မှာ အသက် ဂုဏ်သိက္ခာကြီးမားတဲ့ အဘိုးအဘွားများကို ပူဇော်တဲ့ အစီအစဉ်ကလေးက ကြည်နူးဝမ်းသာမှုဖြစ်စေခဲ့ပါတယ်။ ဖွင့်ပွဲနေ့မှာပြုလုပ်တဲ့ စေတနာရှင်များရဲ့ ကုသိုလ်ပုံရိပ်ကတော့ဖြင့် တွေးမိတိုင်း ကုသိုလ်ပီတိတွေဖြာခဲ့ရလို့….

 
More Articles...